Saturday, February 6, 2010

ညီအစ်ကိုများရဲ့ ကျေးဇူးတင်မှုကို အသိအမှတ်ပြုပေးချင်ရင် မဲပေးပြီး ထုတ်ဖော်လို့ ရပါတယ် .

ဒါကိုလဲ မနေ့ကမှ ညီငယ်တစ်ယောက်က ပြောပြလို့ သိရတာလေးပါ. ကျွန်တော်ကို ခင်မင်ကြတဲ့ ညီအစ်ကိုများ အတွက် ကျွန်တော့်ရဲ့ ကူညီမှုကို အသိအမှတ် ပြုချင်တယ်ဆိုရင်တော့

http://www.mmblogpress.org/to-vote/

မှာသွားပြီးတော့ ရင်ထဲက ကျေးဇူးတင်မှုအတွက် မဲဆန္ဒပေးပြီးထုတ်ဖော်လို့ ရပါတယ် . ဆန္ဒရှိခဲ့လျှင် ကျွန်တော့်ရဲ့ ၀ဘ်ဆိုက်လိပ်စာလေးကို အဲ့ဒီ့ link လေးကနေ မဲပေးပြီး ရွေးချယ်ချင် ရွေးချယ်လို့ ရပါတယ် . မဲပေးချင်သူရဲ့ နာမည်နှင့် email address တော့ ပေးခဲ့ဖို့လိုပါလိမ့်မယ် . မဟုတ်ရင် volt လုပ်မှုက မအောင်မြင်တာပါဘူး . အားလုံးရဲ့ကြိုးစားမှုတွေကို အဲ့လိုမျိုးဆိုက်လေးတွေက အမာခံ လုပ်ပေးနေတာဆိုတော့ ရေးတဲ့သူတွေအားလုံးလဲ အားရှိတာပေါ့ . အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ် .
volt လုပ်နည်း
(၁) မိမိနှစ်သက်သည့် Link ကို အမှန်ခြစ်ပေးလိုက်ပြီး volt ကို နှိပ်ပါ . (ပုံ-၁)
(၂) အောက်ဆုံးတွင် ရှိသည့် form ကို ဖြည့်ပေးလိုက်ပါ . ဖြည့်သည့်နေရာတွင် သူပေးထားသည့် code ကို ရိုက်ထည့်ပေးရပါမယ် . (ပုံ-၂)
(၃) volt ပေးသည့် လုပ်ငန်းစဉ် အောင်မြင်ကြောင်း မေးလ်ရောက်ရှိကြောင်း အတည်ပြုသည့် စာကို တွေ့ရမှာ ဖြစ်ပါသည်။ ထိုမှသာ volt ပေးခြင်း အောင်မြင်ပါသည် (ပုံ-၃)





  • အဲ့ဒီ့ဆိုက်က စာတွေကို မမြင်ရဘူးဆိုရင်တော့ အောက်က Ayar font ကို Download လုပ်ပါ ..
  • zawgyi unicode ကိုပဲ ဆက်သုံးချင်သူများ အတွက်တော့ အပေါ်ဆုံးက fonts (၆)မျိုးကို Download လုပ်ပြီး Start >> control panel >> fonts ထဲကို သွားထည့်ပါ .
  • ဧရာ unicode ကို သုံးချင်သူများကတော့ အောက်က ကိုအဆင်ပြေတဲ့ unicode ကို Download လုပ်ပြီး သုံးပါ . ကျွန်တော်ကတော့ လတ်တလော ဇော်ဂျီ ယူနီကုတ်ကိုပဲ ဆက်သုံးနေဦးမှာပါ .

ဟိုတစ်ရက်က ကျွန်တော့်ကို ဘယ်သူလဲ မသိဘူးမေးပါတယ် . တိုင်းရင်းသားဖောင့် လိုချင်ပါတယ်တဲ့ . အဲ့ဒီ့အတွက်ပါ တစ်ခါတည်းပြောလိုက်ပါ့မယ် . တိုင်းရင်းသားဖောင့်အတွက် ဧရာဖောင့်က အသင့်တော်ဆုံးပါ .

12 ဦး မှတ်ချက်ရေးသွားခဲ့တယ် .:

♠sahara♦ said...

ဟုတ်ကဲ့ပါဗျာ ကျွန်တော် ရင်ထဲရှိတာတွေ သွားပေးလိုက်ပါ့မယ်.. ပညာဒါနအတွက် ကျေးဇူးတင်ပါတယ် .. လေးစားပါတယ်ဗျာ..

ပေးဆပ်သူ said...

ဟုတ်ကဲ့...အစဉ်အမြဲကျေးဇူးတင်တယ်လို့ပြောနေရတာ
အားနာလှပါပြီ..အဲလိုရှိမှန်းသိရင်...အစောကြီးကတည်းကသွားပေးပေးပါတယ်...တကယ်ရင်ထဲကဆန္ဒနဲ့....
ပေးချင်ခဲ့တာပါ...ဒီဘလော့ကိုအားကိုးနေတဲ့သူတိုင်းလဲ
ကျွန်တော်နဲ့ထပ်တူရှိလိမ့်မယ်လို့ယူုံကြည့်ပါတယ်..။

Nya Moe said...

ကျနော် Vote ဖို့ ကြိုးစားခဲ့တယ်ဗျ...
ပြဿနာက အဲ ဆိုက်မှာ ဘာဖောင့်နဲ့ ရေးထားမှန်းမသိ၊ ဖတ်လို့ မရခဲ့ဘူး။

မောင်ဝမ်းသာ said...

အကို ခင်ဗျား
မဲပေးတဲ့ ဆိုဒ်က စာတွေကို ဖတ်လို့ မရဘူး ဖြစ်နေတယ် ပအိုဝ့် စာလိုလို ထားဝယ်စာလိုလို တွေ အားလုံး ရောနေတယ် စာလုံး အမှန်တိုင်း မမြင်ရဘူး အကို ဘယ်ကနေ ဖောင့်ပြောင်းရမယ်ဆိုတာလေး အကြံပေးစေချင်ပါတယ်ခင်ဗျား

CONTACT said...

မဲပေးခွင့်ရတာ ကျေးဇူးပြန်ဆပ်ခွင့်ရတယ်လို့  မှတ်ပါတယ်။ ခင်ဗျားဆီက ယူနေတာများပြီ။

kittycat said...

Hi bro..
FYI, Zawgyi is not the font that follow the Unicode Standard
also Ayar Too .. Really Appreciate your contribution.

kyawswar said...

အကို ရေအရမ်းကျေးဇူးတင်တယ် ဗျာ ကျွန်တော် လိုအပ်လို့ ဒေါင်းလုပ်ဆွဲသွားတယ် နေက်လဲ အမြဲ အကို ဆိုက်လာလေ့လာနေမှာပါ

kyawswar said...

အကို အရမ်းကျေးဇူးတင်တယ်ဗျာ ကျွန်တော် အတွက် အရမ်းလိုအပ်တဲ့ ebook တွေကို အလွယ်တကူ ရလို့လေ နောက်လဲ အားပေးနေအုံးမယ် အကို

aeiou said...

သွား vote ပြီဗျာ
ဒီအစီစဉ်လေးကို လဲ ကြိုက်တယ်ဗျာ
ဟိုဟာ လေး ဒေါင်းလိုက် ဒီဟာ လေးဒေါင်း လိုက်နဲ့ ကျေှးဇူးပဲ ဆို တဲ့ စာပဲ ရိုက်နေရတာ ဒီတခါတော့ အကို့တွက်ဒီလိုမဲလေး ပေးရမယ်ဆိုတော့ ပို ကျေနပ်တာပေါ့ဗျာ .....

nyi said...

******** မဂ်လာပါ ။
အကို ကျနော်တခုလောက်မေးချင်ပါတယ် ။
မြန်မာဖောင်မရှိတဲ့ ကွန်ပျုတာတွေမှာမြန်မာစာတွေမပေါ်
ဘူး လေးထောင့်ကွက်တွေပဲပေါ်နေပါတယ် ။
ဒေါင်းလုပ်ရင်လည်း သိပ်မသေချာ ကျနော်အေးဒါတွေ
ကိုအကူညီတောင်းချင်ပါတယ် ။
အဂ်လိပ် စာတွေရိုက်ပြီး မြန်မာလိုပြန်ရိုက်တဲ့အခါ=
ထိုင်းလိုရိုက်ပြီး မြန်မာလိုပြန်ရိုက်တဲ့အခါလေးထောင့်
တွေပဲပေါ်လာတယ် အတော်လည်းကိုအခက်ကြုံရတယ်
Google ကဆရာ ဆရာမ တွေကိုမေးတော့ မြန်မာ
စာဆရာတွေကိုမေးကြည့်ရန်ညွန်ကြားခဲ့ကြပါတယ် ။
အေးဒါတွေကိုအကူညီလိုချင်လို့ပါ ။
ကျနော့နာမည် = ညီညီ =
မြန်မာနှိင်ငံ = အနောက်ပိုင်းတိုင်း =
ကျောက်ဖြူခရိုင် = ကျောက်ဖြူမြို့နယ် =
ကင်းမြောက်အုတ်စု ကင်းပင်လည်နားကျေးရွာ=
မိဘ ။ ဦးငဖြူလုံး= ဒေါ်မမသန်း တော့ဖြစ်ကြပါတယ်
ခုနှိင်ငံခြားမှာခေတ်တနေပါတယ် ။
wwwwnyinyi@gmail.com
G00dmorning we can and nyinyi !
ခုလိုသင်ကြားခွင့်ရတာတွေကိုအရမ်းကျေးဇူးတင်ပါ
တယ် ။ ညီညီ

kolin01 said...

vote ထားပါ တယ် ။ တခြားမသိ သေးတဲ အပေါင်းအသင်း
တွေ ကိုလဲ ကျွန် တော် လမ်းညွန်း ထားတယ် အကို
အကိုကို အားကျ ပါ တယ် အချိန်တွေ ကို ပေးနိုင် တာကိုလဲ
ပိုပြီး လေးစားပါ တယ်ဗျာ။
ကျေးဇူးလဲ အရမ်းတင် ပါ တယ်။

pyae said...

ကိုညီနေမင်းရေ မဲပေးဖို့သွားတာ မဲပေးလို့မရဘူးဖြစ်နေတယ်
လုပ်ပါဦး
ခေါင်းစဉ်အောက်မှာဘာမှမတွေ့ဘူး
လုပ်ပါဦး
ဘယ်သူဘယ်လောက်ရနေပြီဆိုတာပဲတွေ့တယ်
အစ်ကိုကထိပ်ဆုံးကလေ

ဒီဇိုင်း : ညီနေမင်း