Monday, February 8, 2010

မြန်မာပြည်က ပရုပ်ဆီ ပရုပ်ဆီ အော်နေသူများအတွက်

ဒီနေ့တော့ ခဏခဏမေးကြလို့ ကျွန်တော် proxy, port ထည့်ပုံထည့်နည်းနှင့် အသုံးပြုပုံ အသုံးပြုနည်းကို ရေးသွားပါ့မယ် . Dead proxy နှင့် Live proxy port များကို အမြဲတမ်း လဲလှယ်ပေးသွားမှာ ဖြစ်ပါတယ် . ဆိုက်ရဲ့ ညာဖက်မှာ ရှိပါတယ် . . proxy ကို ဘာ့ကြောင့် သုံးကြသလဲဆိုရင် ကျွန်တော်တို့အနေဖြင့် နည်းပညာနှင့် ပတ်သက်တာတွေကို လေ့လာတဲ့အခါမှာ တစ်ချို့က မြန်မာပြည်ကနေ ပိတ်ထားသည့် ဆိုက်များ ဖြစ်နေသည်ဆိုပါစို့ . ကျွန်တော်တို့ အနေဖြင့် မြန်မာပြည်က ပေးသုံးထားသည့် proxy နှင့် Port ကို သုံးမည်ဆိုပါက မြန်မာပြည်တွင် ပိတ်ထားသည့် ၀ဘ်ဆိုက်များကို ကြည့်လို့ မရပါဘူး . အဲ့ဒီ့တော့ ကျွန်တော်တို့အနေဖြင့် ကျော်ပြီး ကြည့်တဲ့ proxy ၀ဘ်ဆိုက်များကနေ တစ်ဆင့် ကျော်ကြည့်ရပါတယ် . အခု တော်တော်များများ proxy website များဟာ ပိတ်ထားပြန်တော့ . မြန်မာပြည်က မပိတ်ထားသည့် proxy နှင့် port များကို ရှာကြံပြီး တင်ပေးထားပါတယ် . ကျွန်တော်က မြန်မာပြည်မှာ မရှိသည့်အတွက်ကြောင့် အဆင်ပြေမပြေ ဆိုတာကိုတော့ စမ်းပြီးတော့ ထည့်ကြည့်လိုက်ပါ .


Firefox တွင် proxy port ထည့်နည်း
  • Tools >> Options ကို သွားပါ .
  • Advanced ကို ရွေးလိုက်ပြီး Network က settings ကို နှိပ်ပါ .
  • manual proxy ကို ရွေးပါ .
  • အဲ့အကွက်ထဲမှာ HTTP proxy : ဆိုတဲ့ အကွက်နှင့် Port မှာ Live proxy ကို ဖြည့်ပေးပါ .
  • Ok ကို နှိပ်လိုက်ပါ . ဒါဆိုရင် အဆင်ပြေပါပြီ .




IE browser တွင် proxy ဖြည့်နည်း .
  • Tools >> internet options ကို ရွေးပေးလိုက်ပါ
  • Connections >> settings ကို ရွေးပေးလိုက်ပါ
  • Use a proxy server for this connection (These setting will not apply to other connections) ဆိုတဲ့ စာကြောင်းရှေ့ကတုံးလေးကို နှိပ်လိုက်ပါ.
  • proxy address နှင့် port ကို ဖြည့်လိုက်ပါ .
  • ပြီးတာနှင့် OK ပေးလိုက်ပါ .

ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ရင်းဖြင့် .

4 ဦး မှတ်ချက်ရေးသွားခဲ့တယ် .:

lwin said...

ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို၊အစ်ကိုထာဝရပျော်ရွှင်ပြီး စာတွေလည်းအများကြီးရေးနိုင်ပါစေ...........။ C# ကိုမြန်မာလိုရေးထားတဲ့ ebook ရှိယင် တင်ပေးပါဦးနော်။ အမြဲလေးစားလျှက်ပါ............................

cupicle love said...

ပရုပ်ဆီနဲ့ပတ်သတ်တဲ့စာအုပ်လေးများရှိရင်လဲမစပါအုံးဗျာ။
ပြည့်ပြည့်စုံစုံပါတဲ့ဟာလေးတွေလေ။ကျွန်တော်လဲလူးချင်လို့..ဟီး

Zarmani said...

ပရုပ်ဆီ အတွက် ကျေးဇူးတင်ပါတယ်ဗျား

naung said...

ကျွန်တော်စမ်းတော့မသုံးရသေးဘူး ဒါပေမဲ့အသိပညာတွေမျှဝေပေးတဲ့ အကိုကိုကျေးဇူးတင်ပါတယ်
တခြားနိုင်ငံကဆိုက်တွေကောကျော်လို့ရလားဟင်

ဒီဇိုင်း : ညီနေမင်း