Saturday, February 6, 2010

မသိစေချင်တဲ့ Folder များကို ဖွက်ထားချင် သူများအတွက်

ဒါကတော့ မိမိ ကွန်ပျူတာထဲမှာ တစ်ခြားသူ မမြင်စေချင်တဲ့ ဖိုင်များကို hidden လုပ်ထားချင်သူများ အတွက်ပါ. manual လုပ်နည်းတော့ ရှိပါတယ် . ဒါပေမယ့် လုံခြုံစိတ်ချမှု မရှိသေးပါဘူး . သူ့အတွက် သီးသန့်လုပ်ထားတဲ့ Program ဆိုတော့ အားသာချက်တွေ အများကြီးရှိပါတယ် . သုံးကြည့်လိုက်ပါ . ဟိုတစ်ရက်က ညီငယ် တစ်ယောက် မေးထားတာလေးကိုလဲ ဖြေပေးရင်းပါ. HDD တစ်ပိုင်းလုံးကို ဖျောက်ထားမယ် Lock ချထားမယ်ဆိုရင်လဲ ရပါတယ် .. window 7 ကို support လုပ်ပါတယ် . ကဲ program လေးက ဖိုင်တွေကို ဘာတွေ လုပ်ပေးနိုင်သလဲ ဆိုတာ အောက်မှာ ကြည့်လိုက်ပါ . ဒါက ကိုမိုးပြောလို့ ပြန်ပြီးဖြည့်လိုက်တာပါ . window အသစ် တင်မယ်ဆိုရင်လဲ သူကပြဿနာ မရှိပါဘူး .


  1. Hide လုပ်ထားမယ်
  2. Lock ချထားမယ်
  3. Hide လုပ်ထားပြီး အပြင် Lock ပါချထားမယ်
  4. Read Only ဆိုပြီးတော့ methods လေးနည်းရှိပါတယ် . အဲ့မှာ ကိုလိုချင်တဲ့ method ကို ရွေးပေး လိုက်ယုံပါပဲ။
  5. သူလုပ်ပေးနိုင်တဲ့ ဖိုင်အရေအတွက်ကို ကန့်သတ်မထားပါဘူး . Unlimited ပါ မိမိကြိုက်သလောက် ဖိုင်တွေကို အထက် methods (၄) နည်းအတိုင်း လုပ်လို့ရပါတယ် .
  6. NTFS, FAT32 နှင့် FAT format တွေဖြစ်ရပါမယ် .
  7. မိမိ hidden လုပ်ထား lock ချထားသော ဖိုင်များကို တစ်ခြား တစ်စုံတစ်ယောက်က ဖျက်ဆီး ပစ်မယ် ဆိုတာတောင်မှ အဲ့ဒီ့ဖိုင်ဟာ ပျက်စီးမသွား ပါဘူး .


(or)

2 ဦး မှတ်ချက်ရေးသွားခဲ့တယ် .:

nine nine said...

အခုမှပဲ ကျနော်ဖိုင်တွေကိုစိတ်ချရတော့တယ်။ ကျေးဇူးအများကြီးတင်ပါတယ် အကိုရေ

မောင်မိုး said...

ဒီဆော့ဖ်ဝဲကိုတော့ ကျွန်တော်မသိသေးဘူး။ အခုကျွန်တော့်စက်မှာ Acer ကပေးတဲ့ Edata Security Management နဲ့ အရင်တုန်းက Folder တွေ ဖိုင်တွေကို Lock ချလေ့ရှိတယ်။ နောက်ပိုင်းတော့ မလုပ်ဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က အဲဒီလို Lock ချထားပြီးရင် အကြောင်းအမျိုးမျိုးကြောင့် OS ကိုပြန်ဖြုတ် ပြန်တင်လုပ်တဲ့အခါမှာ ခုနက Lock လုပ်ထားတဲ့ ဖိုင်တွေကို ဖွင့်လို့မရတော့ဘူး။ Lock ကို ပြန်မဖြေခဲ့ဘဲ OS တင်ချ လုပ်လို့မရတဲ့ အားနည်းချက်ရှိနေတယ်။ ကိုယ်ကလဲ OS ချလိုက်ပြီးမှာ Lock မဖြေခဲ့ရတာ သွားသတိရတယ်။ အဲဒီလိုနဲ့ Data တွေ ဆုံးရှုံးပေါင်းမနည်းတော့ဘူး။
ဒီဆော့ဖ်ဝဲမှာရော အဲဒီလို ပြဿနာတွေ ကြုံနိုင်လား။ ဥပမာ။ ဖိုင်ကို Lock လုပ်ထားပြီး မေ့ပြီးတော့ OS ချမိတာ။ Lock လုပ်ထားပြီး ပြန်မဖြုတ်မိဘဲ ဆော့ဖ်ဝဲကို Uninstall လုပ်မိလိုက်တာ။ ပြီးမှ ဆော့ဖ်ဝဲကို ပြန်တင်ကြည့်တော့ Lock လုပ်ခဲ့တာကို ပြန်ဖြေလို့မရတာ။ အဲဒါတွေပေါ့။ သိချင်ပါတယ်။ ကိုညီရေ။ အဲဒီပြဿနာလေးတွေမရှိရင်တော့ ဒေါင်းမယ်ဗျာ။ မဟုတ်ရင် စိတ်ညစ်ရလွန်းလို့။

ဒီဇိုင်း : ညီနေမင်း