တစ်ချို့သော Rar ဖိုင်များကို ဖိုင်ပြန်ဖြေတဲ့အခါမှာ error ဖြစ်ကြပါတယ် . အဲ့ဒါကလဲ win rar ရဲ့ အားနည်းချက် တစ်ခုပါ . အဲ့တော့ ကျွန်တော်တို့ အနေဖြင့် အဲ့ဒီ့ ဖိုင်ကို တစ်ခြားနေရာတွေကတေ လိုက်ရှာပြီး Download ပြန်လုပ်ယူတဲ့ နည်းကို မသုံးဘဲနှင့် Win Rar ထဲမှာပဲပါတဲ့ Repair Tools နဲ့ပဲ ဖြေရှင်းကြည့်ရအောင် ဒီနည်းကိုလဲ အရင်က ရေးခဲ့ပြီးပါပြီ . အခုက နှစ်နည်းနှင့် ရေးပြလိုက်ပါ့မယ် .
ပထမနည်း
- မိမိ error ပြနေတဲ့ Win Rar file ကို ဖွင့်လိုက်ပါ (Double click)
- Tools >> Repair Archive (သို့) Tools Bar မှာ သူနာပြု logo ပုံစံလေးနှင့် Repair Archive tool ရှိရင် အဆိုပါ Tool ကို နှိပ်လဲရပါတယ် .(ပုံ-၁)
- (ပုံ-၂)မှာလိုမျိုး မိမိ save ချင်တဲ့ နေရာကို ရွေးပေးလိုက်ပါ .
- (ပုံ-၃) မှာလိုမျိုး အားလုံးပြီးသွားရင် Done ဆိုတဲ့ စာတမ်းပေါ်လာမှာပါ . အဲ့ဒါဆိုရင် Close ပေးလိုက်ပါ.
- ဖိုင်ကို ပြင်ပြီးသွားရင်တော့ (ပုံ-၄)လိုမျိုး ဖိုင်အသစ်တစ်ဖိုင် မိမိ save ထားတဲ့နေရာမှာ ရောက်လာမှာဖြစ်ပါတယ် .




ဒုတိယနည်း
ဒီနည်းနှင့်ဖြေရှင်းဖို့ကတော့ အောက်မှာပေးထားတဲ့ Rar Repair tool ကို Download လုပ်ပြီးတော့မှ ဖြေရှင်းလို့ရမှာပါ.
version 4.0 ကို တင်ပေးထားပါတယ် . လုပ်ရမှာက အောက်ကပုံတွေထဲကအတိုင်း တစ်ဆင့်ချင်းလုပ်သွားလိုက်ပါ .
အောက်မှာပေးထားတဲ့ Repair tool ကို Download လုပ်ပြီး . စက်မှာ install လုပ်လိုက်ပါ.
(ပုံ-၁) မှာလို Browse ကနေ error ပေါ်နေတဲ့ rar ဖိုင်ကို ရွေးပေးလိုက်ပါ
(ပုံ-၂) မှာလို သိမ်းဆည်းမည့် နေရာတစ်နေရာကို ရွေးပေးလိုက်ပါ။
(ပုံ-၃)မှာလို ဖိုင်ပြင်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားကြောင်း တွေ့ရမှာပါ. အားလုံးပြီးသွားရင်တော့ မိမိသိမ်းခဲ့တဲ့နေရာမှာ win rar ဖိုင်အသစ်ကလေး တစ်ဖိုင်ကို တွေ့ရမှာဖြစ်ပါတယ် .













0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .:
Post a Comment